Android ဖုန်း တစ်လုံး ရှိရုံနဲ့ သင့်ဆိုင်ကို စီမံခန့်ခွဲနိုင်ပါတယ် အရောင်းစာရင်းတွေ အဝယ်စာရင်းတွေ စီမံခန့်ခွဲမယ် Expire date ကုန်တော့မယ့် ပစ္စည်းတွေကို အမြန် ရောင်းထွက်အောင် စီမံခန့်ခွဲမယ် ဆိုင်မှာ ပစ္စည်းလက်ကျန်နည်းပြီဆို အသိပေးချက် ရယူဖို့ စီမံခန့်ခွဲမယ် အကြွေးစာရင်းတွေ စီမံခန့်ခွဲမယ် ဆိုင်အတွက် အပိုကုန်ကျစရိတ်တွေကို မကုန်သင့်တာ မကုန်ရအောင် သေချာတွက်ချက်ပြီး စီမံခန့်ခွဲမယ် အရှုံးတွေ အမြတ်တွေကို လစဥ်/အပတ်စဥ်/နေ့စဥ် တွက်ချက်ပြီး ဆိုင်ရဲ့ စီးပွားရေး ပိုမိုကောင်းမွန်လာဖို့ စီမံခန့်ခွဲမယ်
သင့်ရဲ့ စမတ်ဖုန်းကို အစွမ်းထက် POS အဖြစ် ပြောင်းလဲလိုက်ပါ။
Retail Bot ရဲ့ mobile POS ဆော့ဝဲကို အသုံးပြုပြီး သင့်ဆိုင်ရဲ့
အရောင်းစာရင်း၊ ကုန်ပစ္စည်းစာရင်း၊ အကြွေးစာရင်းများနဲ့
ဖောက်သည်စာရင်းများကို လွယ်ကူစွာ စီမံခန့်ခွဲပါ။
Retail Bot POS မှာပါဝင်တဲ့ Features တွေကတော့
✅ ကုန်ပစ္စည်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု (Product Management)
✅ အရောင်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု (Sale monitoring)
✅ အရောင်းစနစ် (Point of sale)
✅ အကြွေးစာရင်း (Debts)
✅ ကုန်ကျစရိတ်စာရင်း (Expenses)
✅ ပစ္စည်းမှာယူနေကျ လက်ကားဒိုင်စာရင်း (Suppliers)
✅ အစီရင်ခံစာများ (Reports)
✅ ဝန်ထမ်းများ (Staff Management)
✅ ငွေပေးချေမှု နည်းလမ်းများ
✅ ကုန်ပစ္စည်းပို့ဆောင်သည့် နည်းလမ်းများ စသည့် features ပေါင်း
များစွာပါဝင်ပါတယ်
Active Projects
Business Growth
Completed Projects
Happy Clients
“ဆိုင်အတွက်အသုံးတည့်တဲ့ pos တစ်ခုပါအခုဆိုဆိုင်ရဲ့စာရင်းမှန်သမျှကိုဖုန်းထဲမှာပဲကြည့်လို့ရသွားတော့တော်တော်အဆင်ပြေသွားတယ်သေချာသုံးတတ်အောင်သင်ပေးလို့လဲကျေးဇူးတင်ပါတယ်”
“အရှုံးအမြတ်စာရင်းကို နေ့အလိုက် လအလိုက်တွေ ပြန်ကြည့်လို့ရတော့ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို အမြဲခန့်မှန်းနိုင်ခဲ့တယ် Retail Bot ရဲ့ POS ကို ဝယ်သုံးရတာ အကျိုးရှိပါတယ်”
“ကုန်ပစ္စည်း စာရင်းဇယား တိကျပြီး အရှုံး အမြတ် တိတိကျကျ သိရလို့ အရမ်းကောင်းတဲ့ application ဖြစ်ပါတယ်”
“ဆော့ဝဲအသုံးပြုခြင်းအားဖြင့် လက်ရေးဘောင်ချာတွေ စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်စရာမလိုတော့ပါဘူး။ ”
“လျှပ်စစ်ပစ္စည်းဆိုင်အတွက်သုံးနေတာတော်တော်အဆင်ပြေတယ် ”
“လက်ရေးဘောင်ချာတွေ စာရင်းဇယားတွေနဲ့ အလုပ်မရှုပ်တော့တဲ့အတွက် အလုပ်တွင်ကျယ်သွားပါတယ် ”
“online shop လေးမှာ တကယ်အသုံးတည့်လို့ ဝယ်သုံးရတာ တန်ပါတယ်”
“ကုန်စုံဆိုင်အတွက်ဝယ်သုံးကြည့်တာအဆင်ပြေပါတယ်မသိတာတွေသေချာရှင်းပြပေးလို့ကျေးဇူးတင်ပါတယ် ”
အောင်မြင်တဲ့ လက်လီလုပ်ငန်းရှင် ဆိုင်ပိုင်ရှင်တွေဖြစ်ဖို့ဆိုတာ လုပ်ငန်းစကတည်းက ဆိုင်စဖွင့်တည်းက ပိုင်ရှင်တိုင်း မျှော်မှန်းထားကြတဲ့ အိမ်မက်တစ်ခုပါ အောင်မြင်ချင်တဲ့ဆိုင်ပိုင်ရှင်တိုင်း လုပ်ငန်းကို ကိုယ်မပါပဲ လည်ပတ်ဖို့ ရည်ရွယ်ကြိုးစားရပါမယ် ကိုယ်မပါပဲဆိုတဲ့နေရာမှာ ဆိုင်/အလုပ်ကို လုံးဝမသွားပဲ ပစ်ထားပြီး လည်ပတ်ဖို့ဆိုတဲ့သဘောမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် လုပ်ငန်းငယ်တုန်းမှာ ဒီလိုလုပ်လို့ မရနိုင်သေးပါဘူး။...မဖြစ်မနေပါရမယ့်နေရာတွေမှာပါပြီး ကျန်တဲ့နေရာတွေမှာ အငယ်တွေနဲ့ လည်ပတ်တဲ့သဘောကို ဆိုလိုပါတယ်။ Working On နဲ့ Working In သဘောတရားတွေကို လေ့လာရပါမယ်။ နိစ္စဓူဝလို ထပ်တလဲလဲလုပ်ရတဲ့ကိစ္စမျိုးတွေမှာ အငယ်တွေနဲ့ လွှဲထားပြီး စဉ်းစားတွေးခေါ်မှုတွေ လုပ်ရတဲ့နေရာတွေမှာ မိမိကိုယ်တိုင် လုပ်ဆောင်ရပါတယ်။ နောက်တစ်ဆင့်တက်ရင်တော့ အတိုင်းအတာတစ်ခုအထိ စဉ်းစားရတဲ့အလုပ်တွေကိုပါ မန်နေဂျာအဆင့်တွေနဲ့ လွှဲနိုင်အောင် ကြိုးစားရတာမျိုး ဖြစ်ပါတယ်။ အလုပ်မလုပ်ပဲ အပျင်းကြီးပြီး အိပ်နေဖို့အတွက် ကိုယ်မပါပဲ လည်ပတ်တဲ့ပုံစံကို လုပ်ရဖို့ မဟုတ်ပဲ အလုပ်တွေ ပိုပြီးထိထိရောက်ရောက် လုပ်နိုင်ဖို့ကို စနစ်တွေချ၊ လူတွေလေ့ကျင့်၊ ပြန်လည်စစ်ဆေးပြီး လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ အဲဒီလိုမှ မလုပ်ရင် ဆိုင်ခွဲ၊ လုပ်ငန်းခွဲဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ပဲ ကောင်တာမှာ ငွေကိုင်ဘဝနဲ့ မိုးလင်းမိုးချုပ် 7-11-7 လုပ်ပြီး နိဂုံးချုပ်ရမှာပါ။ အခုအချိန်မှာ ကောင်းစွာလည်ပတ်နေတဲ့ Chain Business တွေ၊ Franchise Business တွေဟာလည်း လုပ်ငန်းသေးသေးလေးဘဝကနေ တက်သွားကြတာပါပဲ။ အရေးကြီးတာကတစ်ခုက အခုလို ကပ်ဘေးတွေ စုပေါင်းနေတဲ့အချိန်မျိုး ငွေလဲနှုန်းမတည်ငြိမ်တဲ့အချိန်မျိုးဆိုရင် လုပ်ငန်းဦးဆောင်သူရဲ့ အချိန်နဲ့အမျှ ဆုံးဖြတ်ချက်တွေ ပိုပြီးလိုတာကို မမေ့ဖို့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တော်ရုံတန်ရုံ ရုံးအလုပ်တွေပစ်ထားပြီး အရေးကြီးတာတွေပဲ လုပ်မယ်ဆိုပြီး ကြိုးစားခဲ့ပေမယ့် လူ ၂၀ လောက် ရုံးမှာရှိတာတောင် လုပ်ငန်းလည်ပတ်ဖို့ကို အခုကာလမှာ တော်တော်လုပ်ယူရပါတယ်။ အမြင်အမျိုးမျိုးနဲ့ မျှဝေတဲ့စာတွေကို လေ့လာမှတ်သားတဲ့အချိန်မှာ အယူတစ်ခုကို ဆုပ်ကိုင်ပြီး အစွန်းရောက်ရမှာ မဟုတ်ပဲ စာရေးသူရဲ့စေတနာနဲ့ ပေးချင်တဲ့ message ကို ယူပြီး အလယ်အလတ်လမ်းနဲ့ ချင့်ချိန်လုပ်ဆောင်တာ အကောင်းဆုံးဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေနဲ့ ကိုယ်မက်ခဲ့တဲ့အိပ်မက်ဟာ နားရက်၊ ပိတ်ရက်မရှိ အချိန်ပြည့် တောက်တိုမယ်ရနဲ့ ငွေသိမ်းအလုပ်လုပ်နေရဖို့မဟုတ်တာတော့ အမြဲအမှတ်ရနေဖို့ လိုပါတယ်။
လုပ်ငန်းယိုပေါက်တွေထဲမှာ ငွေချည်းပဲ မဟုတ်ပဲ ပစ္စည်းတွေလည်းပါတယ်၊ လူတွေက အများအားဖြင့် ငွေကို အာရုံအစိုက်လွန်နေပြီး အသုံးအဆောင်ပစ္စည်းတွေ ဖြစ်သလို သုံးနေတာကို ထိန်းချုပ်ဖို့ မေ့နေတတ်ကြတယ်။ ပစ္စည်းတွေ အချိန်မတိုင်ခင် ပျက်စီးချွတ်ယွင်းသွားရင် ငွေနဲ့ ပြန်ပြီးဝယ်ရတာဖြစ်တယ်၊ အဲဒါကို မိမိဝန်ထမ်းတွေကို နားလည်အောင် ရှင်းပြဖို့ လိုပါတယ်။
ဘာအခက်အခဲ (Challenge) မှ မရှိရင် ကပ်ဘေး (Crisis) လို့တောင် ခေါ်စရာမလိုပါဘူး။ လုပ်ရကိုင်ရခက်ခဲမှု (Difficulty) တွေ ရှိနေလို့သာ အကျပ်အတည်းကာလဖြစ်နေတာပါ။ လုပ်တိုင်းမဖြစ်တာတွေရှိမယ်၊ ပင်ပန်းသလောက် ပြန်မရသလို စိတ်ထဲမှာ ခံစားရင် ခံစားရမယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ပါ၊ ကိုယ်လုပ်နေတာဟာ ဘယ်လိုရည်ရွယ်ချက် (Purpose) နဲ့ လုပ်နေတာလဲ။... ကိုယ့်အတွက် ဘာလိုချင်တာလဲ၊ ကိုယ့်မိသားစု (Family) အတွက် ဘာလိုချင်တာလဲ။ ကိုယ့်အသိုင်းအဝိုင်း (Environment) အတွက် ဘာလိုချင်တာလဲ၊ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း (Community) ရော ဘာဖြစ်ချင်တာလဲ။ ဒီလိုမေးခွန်း (Question) တွေကို ဖြေကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကို ပြန်သတိရလာလိမ့်မယ်။ အချို့တွေ ကိုယ်ကျိုးစီးပွါးမဟုတ်တဲ့ ပရဟိတကိစ္စတွေမှာတောင် အပင်ပန်းခံကြိုးစားတတ်ကြသေးတယ်။ သင့်အနေနဲ့ သင့်ရဲ့ ရည်ရွယ်ချက် (Objective) တွေကို ပြန်မြင်လာဖို့ မဖြစ်မနေအရေးကြီးတယ်။ ရည်ရွယ်ချက် (Purpose) ရှိတဲ့ကိစ္စတွေအတွက် အလုပ်လုပ်ရင် အသက်ရှင်နေထိုင်ရတာ အဓိပ္ပာယ် (Meaning) ရှိတယ်။ ရည်ရွယ်ချက်ပျောက်နေရင် စိတ်ပင်ပန်းမှု (Stress) တွေ၊ ဘဝအဓိပ္ပာယ်ပျောက်ဆုံးမှုတွေ ဖြစ်စေနိုင်တယ်။ ပိုက်ဆံက အရေးကြီးပေမယ့် သူ့ထက်ပိုအရေးကြီးတဲ့အရာက ရည်ရွယ်ချက် (Purpose) ပါပဲ။ ငွေဆိုတာက လုပ်စရာရှိတာကိုလုပ်နေရင်း သူ့အလိုလို နောက်ကနေလိုက်လာရမယ့်အရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ၊ ငါ့ရည်ရွယ်ချက်က ဘာလဲ။
လက်လီဆိုင် လက်လီလုပ်ငန်းတွေ အမြတ်ပဏမ တိုးတက်ချင်ရင် အချက် ၄
ချက်ကိုပဲ အာရုံစိုက်ဖို့လိုပါတယ်
၁။ ဝယ်သူရဲ့ တုံ့ပြန်မှု
၂။ ဝန်ဆောင်မှု
၃။
ဆိုင်/လုပ်ငန်းမှာ ရှိတဲ့ ရောင်းကုန်ပမာဏ
၄။ ကုန်ပစ္စည်း
ဝယ်ယူခြင်း အပေါ်က ၄ ချက်ကိုသာ သေချာဂရုစိုက်ရင် လစဥ်
အမြတ်တိုးလာမှာ ကျိန်းသေပါပဲ
လက်လီအရောင်းဆိုင်မှာ အရေးကြီးဆုံးက ကုန်ပစ္စည်း စီမံခန့်ခွဲမှုပါ။ မှန်ကန်တဲ့ ကုန်ပစ္စည်းကို ရောင်းချနိုင်မှုက ဆိုင်ရဲ့ အရှုံးအမြတ်ကို အရမ်းစကားပြောပါတယ်။ ဥပမာ အာလူးကြော်တွေ ဆိုင်မှာ အရောင်းတင်ထားတယ်ဆိုပါစို့။ ရှိသမျှ အာလူးကြော် တံဆိပ်တွေ အကုန်တင်လို့ မရပါဘူး။ အရောင်းသွက်တဲ့ တံဆိပ် အရောင်းသွက်တဲ့ အရွယ်အစားကို သေချာရွေးတင်နိုင်မှ အမြတ်များမှာပါ။ လက်လီအရောင်းဆိုင်တွေရဲ့ လွဲမှားနေတဲ့ အယူအဆတစ်ခုက ကိုယ့်ဆိုင်မှာ ပစ္စည်းအစုံတင်ထားနိုင်လေ ကောင်းလေပဲဆိုတဲ့ အယူအဆပါ။ ဘယ်ကုန်ပစ္စည်းက ကိုယ့်ဆိုင်မှာ တင်သင့်လဲ တွက်ချက်ရာမှာ 80/20 rule ကို သုံးသင့်ပါတယ်။ အောင်မြင်တဲ့ ကမ္ဘာ့လက်လီ အရောင်းဆိုင်တွေဖြစ်တဲ့ Walmart တို့ seven-eleven နို့တွေကို လေ့လာချက်အရ ဆိုင်ရဲ့ အမြတ် ၈၀% ကို ရစေတာ ဆိုင်မှာ တင်ထားတဲ့ ကုန်ပစ္စည်း ၂၀% ပါ။ အဲ့ဒါကြောင့် ကိုယ့်ဆိုင်ကို အမြတ်ရစေတဲ့ ကုန်ပစ္စည်း ၂၀% ကို သေချာ ဂရုတစိုက် ပစ္စည်းမပြတ်အောင် တင်ပါ။ အမြတ်ရတာ နည်းစေတဲ့ ကုန်ပစ္စည်း ၈၀% ကိုလည်း သေချာရွေးထုတ်ပြီး တစ်ချို့ကို စျေးလျှော့ရောင်းသင့်တာ ရောင်းပါ။ တစ်ချို့ကို ကိုယ့်ဆိုင်မှာ ထပ်မတင်မိအောင် သေချာဂရုစိုက်ပါ။ သင့်ရဲ့ စမတ်ဖုန်းကို အစွမ်းထက် POS အဖြစ် ပြောင်းလဲလိုက်ပါ။ အရောင်းစာရင်း၊ ကုန်ပစ္စည်း လက်ကျန်စာရင်း၊ အကြွေးစာရင်းများနဲ့ ဖောက်သည်စာရင်းများကို လွယ်ကူစွာ စီမံခန့်ခွဲပါ။
သင့်ဆိုင်ရဲ့ စီးပွားရေး မြှင့်တင်ဖို့အတွက် မောင်းတံ (၄) ခုပဲ
လိုအပ်ပါတယ်
၁။ ကြီးထွားမှု (Growth)
၂။ အမြတ် (Profit)
၃။ ROI (Return on Investment)
၄။ Cost of Capital တို့ပဲ ဖြစ်ပါတယ်